ဝီကီမျိုးစိတ်
မေ ၃၊ ၂၀၁၁ တွင်ရိုက်ကူးထားသော (species.wikimedia.org)မှ ဝက်ဘ်ဗဟိုစာမျက်နှာမြင်ကွင်း | |
ဝဘ်ဆိုဒ် အမျိုးအစား | ဇီဝမျိုးကွဲ မျိုးစိတ်လမ်းညွှန် |
---|---|
ပိုင်ဆိုင်သူ | ဝီကီမီဒီယာ ဖောင်ဒေးရှင်း |
ဖန်တီးသူ | Benedikt Mandlမှ (၂၀၀၄ ခုနှစ်တွင် အဆိုပြုခဲ့သည့် ပရောဂျက်)။ ။ ဂျင်မီဝေးလ်စ် နှင့် ဝီကီမီဒီယာအသင်းအဖွဲ့ |
ဝဘ်ဆိုဒ် | species.wikimedia.org |
စီးပွားရေး | မဟုတ် |
မှတ်ပုံတင်ခြင်း | ဆန္ဒအလျောက် |
လွှင့်တင်ခြင်း | ၂၀၀၄ ခုနှစ် |
ဝီကီမျိုးစိတ် (အင်္ဂလိပ်: WikiSpecies) သည် ဝီကီမီဒီယာ ဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီထားသည့် wiki-အခြေပြု အွန်လိုင်းစီမံကိန်းတစ်ခုဖြစ်သည်။ ၎င်း၏ ရည်ရွယ်ချက်မှာ ဇီဝမျိုးစိတ်များအားလုံး၏ အချက်အလက်အကြောင်းအရာများ ပြည့်စုံမှုရှိသည့် အခမဲ့-စာရင်းတစ်ခုပြုစုရန်ဖြစ်သောကြောင့် ဤပရောဂျက်သည် သာမန်ပြည်သူများထက် သိပ္ပံပညာရှင်များအတွက် ပို၍ရည်ရွယ်ထားကြောင်းတွေ့နိုင်သည် ။ ဂျင်မီဝေးလ်စ်မှ ပြင်ဆင်တည်းဖြတ်ကြမည့်သူများအနေဖြင့် ဘွဲ့ဒီဂရီများအား ဖက်စ် ပို့ပေးရန် မလိုအပ်သော်လည်း ထည့်သွင်းတင်ပြချက်များအား နည်းပညာပရိသတ်များဖြင့် စုစည်းပြုစုရန် လိုအပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။[၁][၂] ဝီကီမျိုးစိတ် ကို GNU Free Documentation License နှင့် CC BY-SA 3.0 အောက်တွင် ရရှိနိုင်သည်။
၂၀၀၄ ခုနှစ် စက်တင်ဘာလတွင် ကမ္ဘာတဝှမ်းမှ ဇီဝဗေဒပညာရှင်တွေအား ကူညီထောက်ပံ့ပေးရန် စတင်ဖိတ်ခေါ်ခဲ့ပြီး[၃]၊ အဆိုပါပရောဂျက်မှာ လင်းနီးယပ်၏ ဇီဝမျိုးရိုးခွဲခြား အမည်ပေးစနစ် လွှမ်းခြုံမှုရှိသည့် မူဘောင် အသုံးပြုကာ ဝီကီပီးဒီးယားရှိ မျိုးစိတ်တစ်ခုချင်း ဆောင်းပါးများဖြင့် ၎င်းထံ ချိတ်ဆက်ခြင်းဖြင့် ၂၀၀၅ ခုနှစ် ဧပြီလ မှစ၍ ဖွံ့ဖြိုးလာခဲ့သည်။[၂]
သမိုင်း
[ပြင်ဆင်ရန်]ဤပရောဂျက်အား အဆိုပြုခဲ့သူ (အင်္ဂလိပ်: Benedikt Mandl)သည် စီမံကိန်း၌ ပါဝင်လာကြစေရန်အတွက် စိတ်ဝင်စားသူအများအပြား၏ အားတက်သရောရှိမှုကို ညှိနှိုင်းခဲ့ပြီး ထောက်ပံ့ရန် အလားအလာရှိသူများနှင့် ၂၀၀၄ ခုနှစ် နွေရာသီအစောပိုင်းတွင် ဆက်သွယ်ခဲ့သည်။ ဒေတာဘေ့စ်များ(အင်္ဂလိပ်: Databases)အား စစ်ဆေးအကဲဖြတ်ခဲ့ပြီးနောက် အုပ်ချုပ်ရေးမှူးများနှင့် ဆက်သွယ်ခဲ့ပြီး ၎င်းတို့ထဲမှ အချို့သည် သူတို့၏ အချက်အလက်များအား ဝီကီမျိုးစိတ်အတွက် ပေးအပ်ရန် သဘောတူခဲ့ကြသည်။ Mandl သည် အဓိကတာဝန် နှစ်ခု သတ်မှတ်ပေးခဲ့သည် -
- ကျွမ်းကျင်သူများ၊ ကျွမ်းကျင်သူ-မဟုတ်သူ အလားအလာရှိသော သုံးစွဲသူများကို မေးမြန်းခြင်း နှင့် ရှိနှင့်ထားသော အခြေပြုစာရင်းများအား နှိုင်းယှဉ်ကြည့်ခြင်းဖြင့် အခြေပြုစာရင်းများ၏ အချက်အလက်များအား မည်သို့တင်ပြရန်လိုမည်ကို တွက်ဆရန်။
- ကျွမ်းကျင်သူများထံ မေးမြန်းခြင်း၊ စေတနာ့ဝန်ထမ်း လုပ်ဖော်ကိုင်ဖက်များ နှင့် အလားအလာရှိသော ပံ့ပိုးကူညီသူများ ရှာဖွေခြင်းဖြင့် software ပိုင်း မည်သို့ ပြုလုပ်ရမည်၊ လိုအပ်မည့် hardware ပိုင်း နှင့် ကုန်ကျစရိတ်များအား မည်သို့ ကာမိစေမည်ကို တွက်ဆရန်။
ဝီကီမီဒီယာ-၁ ပေးစာ စာရင်း မှတဆင့် အားသာချက် နှင့် အားနည်းများအား ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြသည်။ ဝီကီမီဒီယာဖောင်ဒေးရှင်း၏ ဒါရိုက်တာများဘုတ်အဖွဲ့မှ ဝီကီမျိုးစိတ် အား စတင်တည်ထောင်ရန် မဲပေးရွေးချယ်ရာတွင် လေးဦးစလုံးမှ မဲပေးခဲ့လေသည်။ ၎င်းစီမံကိန်းအား၂၀၀၄ ခုနှစ် ဩဂုတ်လတွင် species.wikimedia.org ၌ စတင်ခဲ့သည်။ ၂၀၀၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့၌ ဝီကီမျိုးစိတ်ကို ဝီကီမီဒီယာ ဖောင်ဒေးရှင်း၏ ညီအစ်မပရောဂျက် တစ်ခုအဖြစ် တရားဝင် ပေါင်းစည်းခဲ့သည်။
- ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပရောဂျက်၌ရှိသော ဆောင်းပါးပေါင်းမှာ ၇၅၀၀၀ ကျော်လွန်ခဲ့သည်။
- ၂၀၀၇ ခုနှစ်၊ မေလ ၂၀ ရက်နေ့တွင် ပရောဂျက်၌ ဆောင်းပါးပေါင်း ၁၀၀,၀၀၀ ကျော်အထိရှိခဲ့ပြီး မှတ်ပုံတင် အသုံးပြုသူ စုစုပေါင်း ၅,၄၉၅ ဦး ရှိခဲ့သည်။
- ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ပရောဂျက်၌ရှိသော ဆောင်းပါးပေါင်းမှာ ၁၅၀၀၀၀ အထက်ထိ ကျော်လွန်ခဲ့ပြီး အသုံးပြုသူ စုစုပေါင်း ၉၂၂၄ ဦးထိ ရှိခဲ့သည်။
- ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပရောဂျက်၌ရှိသော ဆောင်းပါးပေါင်းမှာ ၃၀၀၀၀၀ အထိ ရှိလာခဲ့သည်။
- ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် ပရောဂျက်၌ရှိသော ဆောင်းပါးပေါင်းမှာ ၄၀၀၀၀၀ အထိရောက်ရှိလာခဲ့သည်။
- ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် ပရောဂျက်၌ရှိသော ဆောင်းပါးပေါင်းမှာ ၅၀၀၀၀၀ အထိရောက်ရှိလာခဲ့သည်။
- ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ပရောဂျက်၌ရှိသော ဆောင်းပါးပေါင်းမှာ ၆၀၀၀၀၀ နှင့် စာမျက်နှာပေါင်း ၁.၁၂ သန်းအထိ ရောက်ရှိလာခဲ့သည်။
- ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ပရောဂျက်၌ရှိသော ဆောင်းပါးပေါင်းမှာ ၇၀၀၀၀၀ နှင့် စာမျက်နှာပေါင်း ၁.၃၃ သန်းအထိ ရောက်ရှိလာခဲ့သည်။
- ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် ပရောဂျက်၌ရှိသည့် ဆောင်းပါးပေါင်းမှာ ၇၅၀,၀၀၀ နှင့် စာမျက်နှာပေါင်း ၁.၅ သန်းအထိ ရောက်ရှိလာခဲ့သည်။[၄]
ဇီဝမျိုးခွဲခြားခြင်း နှင့် အမည်နာမမှည့်ခြင်း ဒေတာဘေ့စ်တစ်ခုဖြစ်သည် နှင့်အညီ ဝီကီမျိုးစိတ် တွင် taxon စာမျက်နှာများ နှင့် အကြောင်းအရာတူ စာမျက်နှာများ၊ taxon အာဏာပိုင်များ၊ ဇီဝမျိုးခွဲခြားခြင်းဆိုင်ရာ ပုံနှိပ်ထုတ်ဝေမှုများ၊ ပါဝင်ပစ္စည်း အမျိုးအစား နှင့် အသက်မွေးပညာအဖွဲ့အစည်းများ သို့မဟုတ် အမျိုးအစား နမူနာ များ လက်ဝယ် ထိန်းသိမ်းထားသည့်နေရာများ စသည့် အကြောင်းအရာများ ပါဝင်သည်။ [၅]
မူဝါဒများ
[ပြင်ဆင်ရန်]ဝီကီမျိုးစိတ်သည် ၎င်းထံသို့ ပုံတင်ခြင်းများကို ပိတ်ထားပြီး အသုံးပြုသူများအား ဝီကီမီဒီယာ ကွန်မွန်းစ် မှ ပုံများ အသုံးပြုရန်ကိုသာ တောင်းဆိုသည်။ ဝီကီမျိုးစိတ်တွင် လိုင်စင်ကင်းလွတ်မှုမရှိသော အကြောင်းအရာအချက်အလက်များ အသုံးပြုခြင်းကို ခွင့်မပြုပါ။
နောက်ထပ်ကြည့်ရန်
[ပြင်ဆင်ရန်]- All Species Foundation
- Catalogue of Life
- Encyclopedia of Life
- Tree of Life Web Project
- List of online encyclopedias
- The Plant List
ကိုးကား
[ပြင်ဆင်ရန်]ပြင်ပ လင့်များ
[ပြင်ဆင်ရန်]- Wikimedia Commons ရှိ ဝီကီမျိုးစိတ် နှင့်ပတ်သက်သော မီဒီယာများ
- တရားဝင် ဝက်ဘ်ဆိုဒ်
- Species Community Portal
- The Wikispecies Charter, written by Wales.