UWC Myanmar National Committee’s Post

Congratulations UWC Class of 2024! 🥇🏅၂၀၂၂ ခုနှစ်ပညာသင်နှစ်မှာ UWC ပညာသင်ဆုအရွေးချယ်ခံရပြီးလို့ High School IB Diploma ရရှိသွားပြီဖြစ်တဲ့ UWC Class of 2024 ကျောင်းသူကျောင်းသား တွေအားလုံးဟာ မကြာမီမှာတော့ အမေရိကန်နိုင်ငံမှာရှိတဲ့ ကောလိပ်နဲ့ တက္ကသိုလ် အသီးသီးမှာ ဘွဲ့ကြိုဒီဂရီကို ပညာသင်ဆုအပြည့်အဝနဲ့ သွားရောက်ပညာဆက်လက်သင်ယူကြတော့မှာ ဖြစ်ပါတယ်။ UWC ဆိုတာဘာလဲ။ UWC ဆိုတာကတော့ တစ်ခုတည်းသော နိုင်ငံတကာပညာရေးလှုပ်ရှားမှုဖြစ်ပြီး ကမ္ဘာအရပ်ရပ်က ကျောင်းသူကျောင်းသားတွေကို လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးခွဲခြားမှုမရှိပဲ ထူးချွန်မှုနဲ့ ငွေကြေးထည့်ဝင်နိုင်မှုပေါ်မှုတည်ပြီးရွေးချယ်ကာ ငြိမ်းချမ်းရေးနဲ့နိုင်ငံတကာနားလည်မှုတွေတိုးပွားအောင် မြှင့်တင်ပေးတဲ့ ပညာရေးအစီအစဉ်တစ်ခုဖြစ်ပါတယ်။ UWC ရဲ့ ပညာရေးဆိုင်ရာ စံနှုန်းတွေဟာ သင့်ရဲ့ ပညာရေး၊ ကိုယ်ကျင့်တရား၊ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာအားလုံး တိုးတက်အောင်ဆောင်ရွက်ပေးဖို့ အခြေတည်ထားတာတဲ့စံနှုန်းတွေပဲ ဖြစ်ပါတယ်။ UWC ကျောင်းသားတစ်ဦးအနေနဲ့ ပြောင်းလဲမှုကိုလှုံ့ဆော်နိုင်ဖို့ ရဲရင့်တဲ့လုပ်ဆောင်ချက်၊ ကိုယ်ကျိုးမဖက်တဲ့ ခေါင်းဆောင်မှုနဲ့ ဂရုတစိုက်နားထောင်ခြင်းအားဖြင့် ဘယ်လိုသင်ယူရမလဲဆိုတဲ့ နည်းလမ်းတွေကိုပါ လေ့လာရမှာပဲဖြစ်ပါတယ်။ UWC မှာဆိုရင် လူငယ်တွေဟာ သူတို့အနာဂတ်အတွက် ဘယ်လိုသက်မွေးဝမ်းကျောင်းလမ်းကိုပဲ ရွေးချယ်ပါစေ သူတို့ရဲ့ပင်ကိုယ်စွမ်းရည်တွေနဲ့ အင်အားတွေကို လှုမှုပတ်ဝန်းကျင် တိုးတက်ပြောင်းလဲမှုတွေ လုပ်ဆောင်ရန်အတွက် ကောင်းမွန်စွာအသုံးချနိုင်အောင် လှုံ့ဆော်ပေးတဲ့အစီအစဉ်ပဲ ဖြစ်ပါတယ်။ UWC ပညာသင်ဆု အကြောင်း ပိုမိုသိရှိလိုပါက mm.uwc.org မှာဝင်ရောက်လေ့လာနိုင်ပါတယ်။

  • No alternative text description for this image
  • No alternative text description for this image
  • No alternative text description for this image
  • No alternative text description for this image
  • No alternative text description for this image

To view or add a comment, sign in

Explore topics